2007-08-18

How to assign Zawgyi-One font

How to assign Zawgyi-One font

ဇော်ဂျီဖောင့် ကောင်းမွန်စွာ ပေါ်အောင်လုပ်နည်း
How to assign Zawgyi-One font


ပထမဆုံး ဘလော့ခ်ဂါ တန်းပလိတ်ထဲမှာ ဇော်ဂျီဖောင့်ကို Assign လုပ်ပေးရပါမယ်။ အဲဒီအတွက် သက်ဆိုင်တဲ့ CSS ကုဒ်ဒင်တွေ ရှိပါတယ်။ ကိုယ့်ပိုစ့်မှာ ဇော်ဂျီမြန်မာဖောင့် ကောင်းကောင်း ပေါ်စေချင်ရင် Post ဆိုတဲ့ နေရာကို လိုက်ရှာပါ။ ပြီးရင် အဲဒီအထဲမှာ Post Title ဆိုတဲ့ နေရာမှာ Zawgyi-One ဆိုတာကို ကြေငြာပေးရပါမယ်။ အောက်ကဟာက ကျွန်တော့ ဆိုဒ်က ပုံစံပါ။ ဖောင့်အရွယ်အစား ကတော့ ကိုယ်ကြိုက်သလို ပေးလို့ရပါတယ်။

.post-title {
margin:.25em 0 0;
padding:0 0 4px;
font-size: 15px "Zawgyi-One", Arial,Verdana, Zawgyi-One;
line-height:1.5em;
color:#6600cc;
}
ကိုယ်လိုချင်တဲ့ ဖောင့်အရွယ်အစားကို ချိန်ဆရပါမယ်။ အဲဒီလိုပဲ ကိုယ်ရေးတဲ့ ပိုစ့်တွေကို ကောင်းကောင်း ပေါ်စေချင်ရင် ဒီနေရာလေးတွေမှာ ထည့်လိုက်ပါဦး။

.post {
font-size: 11px "Zawgyi-One", Arial, Zawgyi-One;
}

.post div {
font-size: 11px "Zawgyi-One", Arial, Zawgyi-One;
}
ပိုမိုတိကျ ကောင်းမွန်သော နည်းစနစ်ကို ကိုရိုးရဲ့ဘလော့ခ်မှာ ရှင်းပြ ထားပါတယ်။ [ MgYoe ]


အဲဒီထက် လွယ်တဲ့ နည်းကတော့ အခုမြင်နေရတဲ့ မြန်မာဘလော့ခ်များရဲ့ Sourcecode ကိုဖွင့်ကြည့်ပါ။ ပြီးရင် Edit>Find ကနေပြီးတော့ Zawgyi-One လို့ ရိုက်ပြီး ရှာပါ။ အဲဒီမှာ ရှာလို့ တွေ့သမျှ ကုဒ်ဒင်းကို ကူးယူပြီး ကိုယ့်ဘလော့ခ် တန်းပလိတ်ထဲမှာ ပြင်လိုက်ပါ။ အဲဒီလို ဖောင့်ကို မကြေငြာ ထားသရွေ့တော့ ကိုယ့်ဘလော့မှာ မြန်မာလို ရိုက်ပေမယ့် သူများတွေ မမြင်ရဘူးဆိုတာ သတိပြုစေလိုပါတယ်။

Follow up:

Ko Mg Hla suggest : Font size ကို % နဲ့ ရေးတာထက် px နဲ့ ရေးတာ IE မှာရော Firefox မှာ ပါ အရွယ်အစား အတူတူပေါ်စေတယ်... Font size ကို % နဲ့ ရေးထားရင် Firefox မှာ စာလုံးတွေ သေးနေပြီး IE မှာတော့ ကြီးနေတတ်တယ်... ကျတော့် ဘလော့ခ်ကို လည်း အခုမှ ပြင်ပြီးသွားတာ. [See Blog]

No comments:

Up