2011-03-30

Office 2007 အတွက် Product Key မလို Installer CD ပြုလုပ်ခြင်း။


Microsoft Office 2007 ကို install တင်သောအခါတွင် ပြုလုပ်ရလေ့ရှိသည်မှာ ခွေထည့်လိုက်သည့်အခါတွင် setup wizard မှ Serial No. ထည့်သွင်းရန်အတွက် အကွက်ပေါ်လာပါသည်။ ထိုအခါတွင် ခွေအတွင်းမှ text file ကိုဖွင့်ပြီး နံပါတ်ကို copy ကူးယူပြီး ဖြည့်ခြင်းများဖြင့် အဆင့်ဆင့်ပြုလုပ်ပေးရပါသည်။ ထို့ကြောင့် ယခုနည်းမှာ Office 2007 တင်သောအခါတွင် အဆိုပါ key များကိုထည့်သွင်းပေးရန်မလိုအပ်ပဲ၊ အချိန်ကုန်သက်သာစေမည့် installer ခွေလေး ဖြစ်သွားအောင် ပြုလုပ်ကြည့်ကြရအောင်။

(၁) ပထမဦးစွာ Microsoft Office 2007 CD ခွေကို သင့်စက်တွင်ထည့်၍ ခွေအတွင်းတွင် ပါဝင်သည့် file များ အားလုံးကို Folder လေးတစ်ခု တည်ဆောက်ထားပြီး ကူးယူထားလိုက်ပါ။

(၂) ယင်းသို့ ကူးယူပြီးနောက် ရရှိလာသော Folder ပေါ်တွင် Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ် ပေးပြီး၊ ၎င်းအတွင်းမှ Read-Only အမှန်ခြစ်ကို ဖြုတ်ပေးလိုက်ပါမယ်။

(၃) ဆက်လက်၍ ကူးယူထားသော Folder အတွင်းမှ Enterprise.WW ဆိုတဲ့ Folder အတွင်းမှာ config.xml ဆိုတဲ့ file လေးကို Notepad ဖြင့် ဖွင့်စေ၍ အထက်ပါပုံစံတွင် ၀ိုင်းပြထားသည့်အတိုင်း အ၀ိုင်းအတွင်းမှ စာများကို ဖျက်လိုက်ပါ။ PIDKEY value နေရာတွင်တော့ ခွေတွင် ပါဝင်သော product key ကို copy ကူးယူ၍ ဖြည့်ပေးလိုက်ပါ။ ထို့နောက် file ကို save လုပ်ပေး၍ Nero burning ဖြင့် ပြင်ဆင်လိုက်သည့် folder အတွင်းမှ file များအားလုံးကို ကူးယူလိုက်ပါ။ ဒါဆိုရင် ရရှိလာသည့် Office 2007 cd အချပ်လေးဟာ cd key ထည့်သွင်း ပေးရန် မလိုအပ်တော့သည့် Office 2007 Installer အချပ်လေးတစ်ချပ်ကို ပိုင်ဆိုင်သွားပြီပေါ့။ အကယ်၍ များများပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ များများသာကူးပေတော့ဗျို့။ အားလုံး အဆင်ပြေကြပါစေဗျား။



No comments:

Up